Monday, September 17, 2012
ပြုံးချင်တယ်ဆိုရင်
အသက်အရွယ် အမျိုးမျိုးရှိတဲ့ ယောက်ျားသားသူငယ်ချင်းတချို့ အရက်စုသောက်နေကြတယ်။
အဲဒီထဲမှာ ယောက်ျားတချို့က အထူးအဆန်းလေး စမ်းသပ်ကြည့်ချင်ကြတာနဲ့
ကိုယ့်မိန်းမဆီ "နင့်ကို ငါချစ်တယ်"ဆိုတဲ့ မက်ဆေ့ရေးပို့ကြဖို့
အကြံထုတ်တယ်။ သူတို့ရေးပို့ပြီးနောက်
အသက်အရွယ်မတူတဲ့ မိန်းမတွေဆီကရတဲ့ အဖြေကို အောက်ပါအတိုင်း တွေ့ရတယ်။
အသက်(၂ဝ)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က----- နင့်ကိုလည်း ငါချစ်တယ်!
အသက်(၃ဝ)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က----- ရှင်သောက်တာများသွားပြီထင်တယ်!
အသက်(၄ဝ)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က----- ရှင် နေကောင်းပါတယ်နော်!
အသက်(၅ဝ)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က----- ရှင် လူမှားပို့လိုက်တာလား!
ပြန်လာရင် ရှင်နဲ့ကျုပ်တွေ့မယ်!
အသက်(၆ဝ)အရွယ် မိန်းမပြန်ပို့တဲ့မက်ဆေ့က----- အငြိမ်းစားယူပြီး
ရှင်အားယားနေလည်း တောင်သွားတက်ပါလား!
အသက်(၇ဝ)အရွယ် မိန်းမကမက်ဆေ့မပြန်ဘဲ သားဆီ ချက်ချင်းဖုန်းဆက်တယ်။
"သား... သားဖေဖေ နေမကောင်းဘူး။ ဆရာဝန်မြန်မြန် သွားပြပါ"
အသက်(၈ဝ)အရွယ် မိန်းမကမက်ဆေ့မပြန်ဘဲ သူ့ဘာသာသူ ရွတ်နေတယ်။
"အင်း... ဒီနေ့ သူဆေးသောက်ဖို့ မေ့သွားပြီထင်တယ်!"
သံသယမရှိ... အသက်အရွယ်မရွေး "I Love You"တယ်ဆိုတိုင်း ယုံနိုင်ကြပါစေ။
ဖတ်မိတာလေးပါ.. ဘာသာပြန်မျှဝေပါတယ်
ပြုံးချင်မှပြုံးပါ
(၁)
တစ်နေ့မှာ လမ်းလျှောက်နေတုန်း ကလေးလေးတစ်ယောက်က အမေလက်ကိုဆွဲပြီး ပြောတယ်။
"မေမေ.. မေမေ... ဟိုရှေ့ကလူ ထိပ်ပြောင်ပြောင်နဲ့ ခေါင်းမှာဆံပင်လည်းမရှိဘူး"
"အိုး... တိုးတိုးပြောပါသမီးရယ်.. လူများကြားသွားရင် မကောင်းဘူး"
"ဘာဖြစ်လို့လဲ မေမေ! သူ့ခေါင်းပေါ်မှာ ဆံပင်မရှိမှန်း
သူကိုယ်တိုင်မသိလို့လားဟင်?"
(၂)
ဆူဆူညံညံ၊ လူတွေအုံအုံကျက်ကျက်ဆိုရင် သိပ်ကြိုက်၊ သိပ်စပ်စုတတ်တဲ့
သူငယ်ချင်းနှစ်ယောက် တစ်နေ့မှာ ရှော့ပင်းအတူထွက်ကြတယ်။ လည်ရင်းပတ်ရင်း
တစ်နေရာရောက်တော့ လမ်းဘေးမှာ လူတွေဝိုင်းအုံနေတာကို တွေ့လိုက်တယ်။ ကြည့်ရတာ
မတော်တဆကားတိုက်မှုဖြစ်တယ်။ ဝိုင်းအုံကြည့်နေတဲ့ လူတွေများတာကြောင့်
စပ်စုတဲ့သူတို့နှစ်ယောက် ရှေ့တိုးကြည့်လို့မရတော့ သူငယ်ချင်းတစ်ယောက်က အော်တယ်။
"ဖယ်.. ဖယ်.. ဖယ်... အဲဒါ ကျွန်မအမျိုးသားပါ... ဖယ်ပေးကြပါ"လို့အော်ပြီး
ရှေ့ကိုတိုးသွားတယ်။ ရှေ့ရောက်တော့ ကားတိုက်မိတာက ဝက်တစ်ကောင်ဖြစ်နေတာကို
တွေ့လိုက်တယ်။
(၃)
အိမ်နီးချင်းကို "ဝက်" လို့ဆဲလိုက်တဲ့လူတစ်ယောက်
တရားရုံးရောက်သွားခဲ့တယ်။ တရားသူကြီးက
ဆဲမှုအတွက် သူ့ကို "၂ဝဝ" ဒဏ်ငွေခတ်တယ်။ အဲဒီမှာ ဆဲသူက မကျေမနပ်နဲ့
"အရင်တစ်ခေါက် တခြားတစ်ယောက်ကို ကျွန်တော် ဝက်လို့ဆဲတုန်းက ဒဏ်ကြေး ၁၅ဝပဲ
ပေးခဲ့ရတယ်။ အခုဘာဖြစ်လို့ ၂ဝဝဖြစ်သွားတာလဲ!" လို့ဆိုတော့ တရားသူကြီးက
"စိတ်မကောင်းဘူးကွာ...
ခုတစ်လော ဝက်သားဈေးတွေ တက်နေလို့ပါ" တဲ့။
(၄)
တစ်နေ့မှာ မနက်စာဆိုင်တစ်ဆိုင်ထဲ လူသုံးယောက်ဝင်လာပြီး မနက်စာမှာတယ်။
ပထမဧည့်သည်----- ကြက်ဥဟတ်ဘွိုင်တစ်လုံး အနှစ်မယူဘူး!
ဂျီးများတဲ့ဧည့်သည်အသံကြားတော့ ဆိုင်ရှင်စိတ်နည်းနည်း ထောင့်သွားပြီး
စိတ်ထဲမှာလည်း "ဟင်း.. ဒီလို ဂျီးများတဲ့လူလည်း ရှိသေးတယ်"လို့ တွေးမိတယ်။
ဒုတိယဧည့်သည်---- ကြက်ဥဟတ်ဘွိုင်တစ်လုံး အကာမယူဘူး!
ဧည့်သည်အသံကြားတော့ ဆိုင်ရှင်စိတ်တိုသွားတယ်။
"တောက်... ဒီခေတ်လူငယ်တွေ တော်တော်ဂျီးများပါလား!"
အဲလိုနဲ့ ဆိုင်ရှင်ဟာ ဒေါသထွက်ထွက်နဲ့ တတိယဧည့်သည်ကို မေးတယ်။
"ဟေး... မင်းကရော.. ဘာယူမှာလဲ!"
တတိယဧည့်သည်က ကြောက်အားလန့်အားနဲ့ "ကျ.. ကျ.. ကျွန်တော်အတွက်... ကြက်..
ကြက်ဥဟတ်ဘွိုင်တစ်လုံး အခွံမယူဘူး" လို့ ဖြေလိုက်တယ်။
(၅)
ဂျင်မီနဲ့လူစီရဲ့ မင်္ဂလာဦးည....
ရေချိုးခန်းထဲမှာ လူစီရေချိုးနေတယ်။ ဂျင်မီက အဝတ်အစားတွေလဲရင်း "သူ့ကိုငါ
ဘယ်လိုပြောရမလဲ! ငါ့ခြေထောက်က ကမ္ဘာပေါ်မှာအနံဆုံးဆိုတာကို ငါရဲ့သတိုးသမီးကို
ငါဘယ်လိုပြောပြရင် ကောင်းမလဲ?" လို့တွေးနေတယ်။
အဲဒီနောက် ဂျင်မီက ခြေအိတ်ကိုချွတ်ပြီး ကုတင်အောက် ပစ်ထည့်လိုက်တယ်။
အဲဒီအချိန်မှာ ရေချိုးခန်းထဲက လူစီထွက်လာတယ်။ လူစီကို
မျက်နှာချင်းမဆိုင်ရဲတဲ့ဂျင်မီဟာ ရေချိုးခန်းထဲ ပြေးဝင်သွားတယ်။ အဲဒီမှာ
လူစီကလည်း ကုတင်ခြေရင်းမှာထိုင်ပြီး "သူ့ကို ငါဘယ်လိုပြောပြရမလဲ? ငါ့ပါးစပ်က
ကမ္ဘာပေါ်မှာ အနံ့အဆိုးဆုံးဆိုတာကို ငါရဲ့သတိုးသားကို ငါဘယ်လို
ပြောပြရင်ကောင်းမလဲ" လို့ တွေးနေတယ်။
အဲဒီမှာ ရေချိုးခန်းထဲကနေ ဂျင်မီထွက်လာတယ်။ လူစီကပြေးပြီး
ဂျင်မီကိုတစ်ချက်နမ်းလိုက်တယ်။ ပြီးတော့... "နင့်ကို ငါပြောစရာရှိတယ်
ဂျင်မီရယ်" လို့ဆိုတော့ ဂျင်မီက လက်ကာပြီးပြောလိုက်တယ်။
"ငါ သိတယ် .. ငါသိတယ်.. နင် ငါ့ခြေအိတ်ကိုစားလိုက်တယ်ဆိုတာ ငါသိတယ်" ဟူတည်း။
*(၆)
*တစ်ခါက ခရစ်ယာန်ဘာသာကိုးကွယ်တဲ့ အမျိုးသမီး၎ဦးဆုံတော့ ကိုယ့်အကြောင်း
သူ့အကြောင်း စကားစမြည်ပြောကြတယ်။ ပြောရင်းပြောရင်း
ကိုယ့်သားသမီးအကြောင်းရောက်တော့...
ပထမ အမျိုးသမီးက " ကျွန်မသားက Priest (ဘုန်းတော်ကြီး)လေ။ ဟောခန်းထဲဝင်တာနဲ့
လူတွေက သူ့ကို "Father" လို့ခေါ်ကြတယ်"လို့ပြောတယ်။
အဲဒီမှာ ဒုတိယအမျိုးသမီးကလည်း အားကျမခံ "ကျွန်မသားက
Bishop(ဂိုဏ်းချုပ်)လေ။ ဟောခန်းထဲဝင်တာနဲ့
လူတွေက သူ့ကို " Your Grace" လို့ ခေါ်ကြတယ်"
တတိယအမျိုးသမီးကလည်း အားကျမခံ "ကျွန်မသားက Cardinal
(ဝတ်ရုံနီဘုန်းတော်ကြီး)လေ။ ဟောခန်းထဲဝင်တာနဲ့
လူတွေက သူ့ကို "Your Eminence" လို့ ခေါ်ကြတယ်"
အမျိုးသမီးသုံးဦးရဲ့စကားကိုနားထောင်ပြီး စတုတ္ထအမျိုးသမီးက "ကျွန်မသားက
အရပ်၆ပေကျော်မြင့်တယ်၊ ရင်ဘတ်နှစ်ဘက်မှာ ကြွက်သားနဲ့၊ တင်ကောက်ကောက်၊
တောင့်တောင့် ခန့်ခန့်ချောချောပဲ။ ဟောခန်းထဲ သူဝင်တာနဲ့ ရှိသမျှမိန်းကလေးတွေက
"Oh! My God" လို့ အော်ကြတယ်" လို့ ဖြေးဖြေးသာသာ ပြောလိုက်ပါတယ်။
*(ရ)*
အမေနဲ့သမီး ရေကူးကန်မှာ ရေသွားကူးတယ်။ ရေကူးဖို့ သမီးရေကန်ထဲခုန်ချချိန်
ရေကူးဝတ်စုံ မတော်တဆ ချုပ်ရိုးကွဲသွားတယ်။ ဒါကို အမေက ရေကူးကန်ဘေးမှာ
ထောင်ထားတဲ့ဆိုင်းပုဒ်ကို အမြန်ယူပြီး ကွယ်ပေးလိုက်တယ်။ ဆိုင်းပုဒ်ပေါ်မှာရေးထားတဲ့
"အန္တရာယ်ရှိသည်။ အနက် ၂မီတာ ကျွမ်းကျင်သူများသာ" ဆိုတဲ့စာကြောင့်
လူတွေပြုံးစိစိဖြစ်ကုန်ကြတယ်။
ဒါကိုအမေတွေ့တော့ ဆိုင်းပုဒ်ကို တစ်ဖက်အမြန်လှည့်လိုက်တယ်။ ဆိုင်းပုဒ်နောက်မှာ
ရေးထားတာက "အမျိုးသားသီးသန့်၊ အထဲမဝင်ခင် အကျီင်္ချွတ်ပါ" ဆိုတာဖြစ်တယ်။
ကယောင်ကတမ်းနဲ့အမေ နောက်ဆိုင်းပုဒ်တစ်ခုယူပြီး သမီးကိုကွယ်ပေးလိုက်တယ်။
ဆိုင်းပုဒ်ပေါ်က "လူကြီး ၁ဝဝ၊ ကလေး ၅ဝ၊ အယောက်၂ဝအထက် အထူးလျော့ဈေး"
ဆိုတဲ့စာကြောင့် လူတွေ ရယ်ကျဲကျဲဖြစ်ကုန်ကြတယ်။ နောက်ဆိုင်းပုဒ်တစ်ခုကို အမေ
ယူလိုက်တယ်။ အဲဒီဆိုင်းပုဒ်ကြောင့် အမေ မူးလဲမတတ်ဖြစ်သွားတယ်။
ဆိုင်းပုဒ်ပေါ်ရေးထားတာက "မနက်၉နာရီမှ ည၁ဝနာရီထိ၊ အများသုံးနေရာဖြစ်သောကြောင့်
သန့်ရှင်းမှုကို ဦးစားပေးပါ" ဆိုတာကြောင့်ဖြစ်တယ်။
လူတွေ ရယ်ကျဲကျဲဖြစ်ကုန်တာကြောင့် အမေ နောက်ဆိုင်းပုဒ်တစ်ခုကို
ယူလိုက်ပြန်တယ်။ ဒီဆိုင်းပုဒ်ကြောင့် အမေမူးလဲသွားတယ်။ လူတွေ
ဝါးလုံးကွဲရယ်ကြတော့တယ်။ ဆိုင်းပုဒ်ပေါ်မှာ ရေးထားတာက "အမွေးအမျှင်များ
ပိတ်ဆို့မှုမဖြစ်စေရန်၊ နောက်လူများ အသုံးပြုအဆင်ပြေစေရန်၊ အသုံးပြုနေစဉ်အတွင်း
ဦးထုပ်ဆောင်းပါ" ဆိုတာပဲဖြစ်တယ်။
(၈)
လူတွေကြိတ်ကြိတ်တိုးနေတဲ့ ပဲရစ်မြို့ရဲ့ ရထားဘူတာရုံတစ်ခုမှာ တိုးရစ်တစ်ဦးက
အလန့်တကြား ထအော်တယ်။
"ဟာ..... ကျုပ်ပိုက်ဆံအိတ် မတွေ့တော့ဘူး"
ဒါကို ပြင်သစ်အဘိုးအိုတစ်ဦးက ပုခုံးတွန့်ပြပြီး "ဘုရားသခင်ကို
အမြန်ကျေးဇူးတင်ပါ"လို့ပြောတယ်။ အဘိုးအိုကဆက်ပြီး "ပဲရစ်မြို့ရောက်ရင်
အရာနှစ်ခုကို ခင်ဗျားတင်းတင်း ဆုပ်ကိုင်ထားရတယ်။ တစ်ခုက ပိုက်ဆံအိတ်
နောက်တစ်ခုက ဇနီး၊ ခင်ဗျားဘေးမှာ ခင်ဗျားဇနီးရှိနေသေးတာကိုက
ခင်ဗျားကံကောင်းလို့ပဲ"
(၉)
ပထမလူ: အရင်ပတ်က ကျွန်တော့်မိန်းမမျက်စိထဲ သဲတစ်ပွင့်ဝင်သွားတယ်။
ဆရာဝန်သွားပြတော့ ကျွန်တော့်ငွေ ၃ရာကုန်သွားတယ်။
ဒုတိယလူး ဟာ.. ခင်ဗျားကံကောင်းတာပေါ့။ အရင်ပတ်က ကျွန်တော့်မိန်းမမျက်စိထဲ
အနွေးထည်တစ်ထည် ၀င်သွားတယ်။ နောက်တော့ ကျွန်တော့်ငွေ ၃ထောင်ကုန်သွားတယ်။
(၁၀)
ဖခင်း သား.. ဘယ်သူကိုအချစ်ဆုံးလဲ! မေမေကိုလား! ဖေဖေကိုလား!
သားး နှစ်ယောက်စလုံးကို ချစ်တယ်။
ဖခင်း တကယ်လို့ ဖေဖေက အမေရိကားကိုသွားမယ်။ မေမေက ပဲရစ်ကိုသွားမယ်ဆိုရင်
ဘယ်သူ့နောက်သားလိုက်မလဲ?
သားး မေမေနောက်လိုက်မယ်။
ဖခင်း ဘာဖြစ်လို့လဲ!
သားး ပဲရစ်မြို့က လှတယ်လေ...
ဖခင်း ဒီလိုဆိုရင် တကယ်လို့ ဖေဖေက ပဲရစ်ကိုသွားမယ်။ မေမေက အမေရိကား
ကိုသွားမယ်ဆိုရင်ကော ဘယ်သူ့နောက်သားလိုက်မလဲ?
သားး မေမေနောက်လိုက်မယ်။
ဖခင်း ဘာဖြစ်လို့ မေမေနောက်ပဲ လိုက်ရတာလဲ?
သားး ပဲရစ်ကို အခုနားကပဲ သားသွားပြီးပြီလေ..
(၁၁)
ကိုယ့်အပေါ်အလေးမထားတဲ့ ခင်ပွန်းကို မနာလိုဝန်တိုအောင် ဇနီးဖြစ်သူက
သွေးထိုးစမ်းတယ်။
ဇနီးး တကယ်လို့ နင်ရဲ့အကောင်းဆုံး သူငယ်ချင်းနဲ့ ငါအိပ်ခဲ့တယ်ပြောရင်
ငါ့ကိုနင်ဘယ်လိုထင်မလဲ?
ခင်ပွန်းး နင်ဟာ လိင်တူချစ်ကြိုက်သူလို့ ငါထင်တယ်။
(၁၂)
လူတစ်ယောက်ဟာ စိတ်ရောဂါကုဆရာဝန်ဆီရောက်လာပြီး ဒေါသတကြီးနဲ့
"ဆရာ... ဆရာ.. ကျွန်တော်သည်းမခံနိုင်တော့ဘူးဗျာ။ ကျွန်တော့်မိန်းမလေ
ညတိုင်းညတိုင်း နှိပ်ကလပ်သွားပြီး သူ့အပေါ် နည်းနည်းကောင်းတယ်ထင်တဲ့
ယောက်ျားတွေကို အခွင့်အရေးပေးတယ်ဗျာ။ အဲဒါ ကျွန်တော်ဘယ်လို လုပ်ရမလဲ" လို့
တိုင်ပင်တယ်။ အဲဒီအခါ ဆရာဝန်က
"မလောနဲ့.. မလောနဲ့ အသက်ကို၀၀ရှု.. ဖြည်းဖြည်းပြော၊ စိတ်သိပ်မလှုပ်ရှားနဲ့။
စိတ်ကိုငြိမ်ငြိမ်ထားပြီး ကျွန်တော့်ကိုပြောပါ။ ခင်ဗျားမိန်းမသွားသွားနေတဲ့
နှိပ်ကလပ်က ဘယ်နှိပ်ကလပ်လဲ?"
(၁၃)
ဖားကလေးနှစ်ကောင် ချစ်ကြိုက်မိပြီး ယူလိုက်ကြတယ်။ ဖားမလေး ကလေးမွေးတော့
အရုပ်ဆိုးတဲ့ဖားပြုပ်တစ်ကောင် မွေးတယ်။ ဒါကို ဖားထီးက မခံနိုင်ဘဲ
ဒေါသတကြီးထအော်တယ်။
"ဘယ်လိုဖြစ်ရတာလဲ.. ငါမသိအောင် မင်းဘာတွေလုပ်ခဲ့တာလဲ?"
"ကလေးအဖေရယ်.. သိပ်မအော်ပါနဲ့။ ကျွန်မက ဖားပြုပ်ပါ.. ရှင်နဲ့မသိခင်
ကျွန်မရုပ်ကို ခွဲစိပ်ပြုပြင်ခဲ့ဖူးတယ်"ပါတယ်....
Subscribe to:
Post Comments (Atom)
No comments:
Post a Comment