လာရောက်လည်ပတ်တဲ့ ချစ်သူငယ်ချင်းများနဲ့ မိတ်ဆွေသင်္ဂဟအပေါင်း ချမ်းသာကိုယ်စိတ်မြဲကြပါစေ

Monday, September 17, 2012

သင့်လက်သည်း ထိခိုက်ပွန်းပဲ့ အက်ကွဲခြင်းကို ကာကွယ်ရန်

• ချွန်ထက်ပြီး လေးလံတဲ့အရာတွေကို ကိုင်တွယ်ရမယ်ဆိုရင် လက်အိတ်ဝတ်ပါ။ • လက်သည်းကို အတိုထားတာက ထိခိုက်ပွန်းပဲ့နိုင်ခြေ နည်းစေပါတယ်။ • လက်သည်းနီဆိုးတာကို တတ်နိုင်သမျှလျှော့ပါ။ • အဝတ်လျှော်တဲ့အခါနဲ့ ပန်းကန်ဆေးတဲ့အခါတွေမှာ လက်အိတ်ဝတ်ပြီးလုပ်ပါ။ ဆပ်ပြာမှာပါတဲ့ ဓာတုပစ္စည်းတွေက လက်သည်းကို အားပျော့သွားစေပြီး ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိတာကြောင့်ပါ။ • အိမ်သာဆေးတဲ့ ချွတ်ဆေးမှုန့် ဒါမှမဟုတ် အက်စစ်တွေကို အသုံးပြုတဲ့အခါ လက်သည်းကို စားသွားစေနိုင်တဲ့အတွက် သတိပြုကိုင်တွယ်ပါ။ • ပုလင်းအဖုံးကို ဖွင့်ဖို့အတွက် လက်သည်းကို အသုံးမပြုပါနဲ့။ • လက်သည်းတွေ ခြောက်သွေ့ကြွပ်ဆတ်မှုမှ ကာကွယ်ဖို့အတွက် လက်သည်းလိမ်းခရင်မ် (Nail cream) တွေလိမ်းပါ။ မရှိရင် ရိုးရိုး Body Lotion ကို လိမ်းနိုင်ပါတယ်။ • လက်သည်းဖျက်ဆေးကို တစ်လမှာ နှစ်ကြိမ်ထက် ပိုအသုံးမပြုပါနဲ့။ လက်သည်းဖျက်ဆေးမှာပါတဲ့ အယ်လ်ကိုဟောက လက်သည်းကို စားသွားပြီး လက်သည်းကွဲအက်တာကို ဖြစ်စေနိုင်ပါတယ်။ • သင့်လက်တွေကို ကောင်းကောင်းဂရုစိုက် ထိန်းသိမ်းစောင့်ရှောက်မယ်ဆိုရင် လက်သည်း ကွဲအက်နိုင်ခြေလည်း နည်းသွားပါလိမ့်မယ်။

No comments:

Post a Comment